Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 108 — Surah Al-Baqarah 2:108

(အရှင်မြတ်က အရှင့်စည်းမျဉ်းတော်များအား ခေတ်နှင့်အညီပြောင်းလဲပေးတော်မူရာ အရှင့်အမြော်အမြင်တော်ကို နားမလည်၍ ယခင်ကျမ်းရပုဂ္ဂိုလ်များထဲမှ မယုံကြည်သူတို့က ပြောင်းလဲမှုကို ထောက်ပြလျှက် မေးခွန်းများကို မေးခဲ့ကြသည်။) ယခင်က တမန်တော်မူဆာအား (“အလ္လာဟ်အရှင်မြတ်ကို မြင်လိုပါ၏။” ဟူသော မေးခွန်းပမာ ထပ်တလဲလဲ နှောင့်ယှက်လိုသည့် ဆန္ဒဖြင့် အဓိပ္ပါယ်မဲ့မေးခွန်းများ) မေးသကဲ့သို့ သင်တို့၏ရစူလ်တမန်တော်ကိုလည်း မေးကြရန် ဆန္ဒရှိကြသလော။ သို့ဖြစ်လျှင် ယုံကြည်မှုကို မယုံကြည်ငြင်းဆန်ဖုံးကွယ်မှုဖြင့် အလဲအလှယ်လုပ်သူ မည်သူမဆိုသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ လွဲချော်၍ လမ်းမှားရောက်ခဲ့သည်မှာ သေချာနေပြီ ဖြစ်၏။