Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 109 — Surah Al-Baqarah 2:109
ယခင် ကျမ်းရပုဂ္ဂိုလ်များအနက်မှ အများစုသည် သူတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းထင်ရှားသော အမှန်တရားသစ္စာကို ထုတ်ဖော်ပေးအပ်တော်မူပြီးနောက်၊ သင်တို့၏ယုံကြည်ချက် ပိုမို၍ပင် ခိုင်မာလာသော်လည်း၊ (သူတို့၏နှလုံးသားထဲ၌ တစ်ကိုယ်ကောင်းဆန်သော မနာလိုစိတ်များ အမြစ်တွယ်နေသောကြောင့် သူတို့သည်) သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒနှင့်အညီအသုံးချ၍ မနာလိုဝန်တိုလျက် သင်တို့၏ ယုံကြည်မှုအား နောက်ပြန်လှည့်စေရန် ဆန္ဒရှိကြ၏။ ထိုသို့ ဆန္ဒရှိသော်ငြားလည်း (သူတို့၏မတရားမှုနှင့်ပတ်သက်၍) အရှင့်စီရင်ချက် အမိန့်တော်ကို (သင်တို့ထံ) အလ္လာဟ်အရှင်မြတ်က ရောက်စေတော်မူသည့်အချိန်အထိ သူတို့ကို ဥပေက္ခာပြုလျက် ခွင့်လွှတ်ကြလော့။ (စောဒကတက်၊ ငြင်းခုံဆွေးနွေးခြင်းကို ရှောင်ကြဉ်၍ သည်းခံခွင့်လွှတ်ကြလော့)။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် အရှင့်နိယာမ၊ စည်းမျဉ်း၊ ဩဇာတော်များဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။