Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 110 — Surah Al-Baqarah 2:110

ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီမြဲမြံစွာ) ဆောက်တည်ကြလော့။ ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေးကိုလည်း) ပေးကြလော့။ သင်တို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုသုံး၍ သင်တို့လက်ဖြင့်လုပ်လျှက် ကြိုတင်ပို့ထားသည့် ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တွေ့မြင်ရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။