Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 112 — Surah Al-Baqarah 2:112

အမှန်မှာ မည်သူမဆို သူ၏မျက်နှာ (ဦးတည်ချက်၊ ရည်မှန်းချက်၊ တည်ရှိမှုနှင့်ရှင်သန်ရပ်တည်မှုများ) အား အလ္လာဟ်အရှင်မြတ်ထံ နာခံအပ်နှံလျှင် သူသည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်းဆုံးလုပ်ဆောင်သူ) ဖြစ်ပြီး သူ့အတွက် သူအား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ် ရှိနေ၏။ (ထိုသို့ဘဝဆောက်တည်သော) သူတို့အတွက် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်၍) သူတို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ကြပေ။