Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 113 — Surah Al-Baqarah 2:113

အုပ်စုနှစ်စုစလုံးသည် ကျမ်းစာများကို ရွတ်ဖတ်ကြသော်လည်း ဂျူးတို့က “ခရစ်ယာန်တို့သည် (အရှင့်ထံ တော်မှရသော) မည်သည့် အခြေခံတရားပေါ်၌မျှ ရပ်တည်ကြသည်မဟုတ် ဟု ပြောဆိုကြပြီး ခရစ်ယာန်တို့က လည်း “ဂျူးတို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ ရပ်တည်ကြသည်မဟုတ်” ဟု ပြောကြ၏။ (တစ်စုကိုတစ်စု “အချည်းနှီးသာ” ဖြစ်ကြောင်း စွပ်စွဲကြသည်)။ သူတို့က ထိုသို့ (အလားတူစွပ်စွဲချက်မျိုးဖြင့် အပြန်အလှန် ပြစ်တင်) ပြောဆိုကြခြင်းသည် (အလ္လာဟ်အရှင်မြတ်ထံမှရထားသော) အသိပညာ မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ငြင်းခုံနေသော ကွဲလွဲချက်နှင့်ပတ်သက်၍ ရှင်ပြန်ထမည့်နေ့၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။