Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 114 — Surah Al-Baqarah 2:114
အရှင့်နာမတော်ဂုဏ်တော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရန် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ် မြို့မှုအတွက် (ဆောက်လုပ်ထားသော) ဝတ်ပြုရာဗလီဝတ်ကျောင်းတော်များမှ (ဝတ်ပြုရန်ရောက်လာသူများကို နှင်ထုတ်) တားဆီးပိတ်ပင်ပြီး ယင်း (ဝတ်ကျောင်းတော်) ကို ပြိုကွဲဖျက်ဆီးရန် ရုန်းကန်ကြိုးပမ်းသူတို့ထက် အဘယ်သူက စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သူများ ဖြစ်မည်နည်း။ ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ယင်းဝတ်ကျောင်းတော်များထဲသို့ စိုးရိမ်ကြောင့်ကြသူများအဖြစ်နှင့်သာ ဝင်ကြလိမ့်မည်။ (ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား ဖျက်ဆီးခြင်းသည် အလွန်ရွံ့ရှာဖွယ်ကောင်းပြီး (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ကို ရန်လိုမုန်းတီးခြင်းဖြစ်၍) သူတို့အတွက် ဤလောက၌ သိက္ခာမဲ့မှုနှင့်အရှက်ရစရာများ ရှိရုံသာမက နောင်တမလွန်ဘဝတွင်လည်း ပြစ်တင်ရှုတ်ချမှုများနှင့်ပြစ်ဒဏ်များ ရှိ၏။