Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 115 — Surah Al-Baqarah 2:115
(ဆွလာသ်ဝတ်ပြုမှုအတွက် ကမ္ဘာအနှံ့မှ မွတ်စလင်များက တစ်ခုတည်းသော ကအ်ဗဟ်ဝတ်ကျောင်း တော်ဘက်သို့ ရှေးရူဦးတည်သည်ကို ဆင်ခြေပေး၍ အရှင့်ဂုဏ်တော်နာမတော်တို့အား ထုတ်ဖော်တသခြင်းမှ ပိတ်ပင်တားဆီးရန် သူတို့က ကြိုးပမ်းကြ၏။) နေထွက်ရာအရှေ့အရပ်နှင့်နေဝင်ရာအနောက်အရပ်တို့သည် အလ္လာဟ်အရှင်မြတ်က ဖြစ်တည်စေတော်မူသည့် အရှင့်ပိုင်များသာ ဖြစ်၏။ သင်တို့က မည်သည့် အရပ်ဘက်သို့ လှည့်ပြောင်း၍ မျက်နှာမူ ဦးတည်ဖြစ်စေ ယင်း၌ အလ္လာဟ်အရှင်မြတ်၏”မျက်နှာတော်”သာရှိ၏။ (နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေသော မိုးမြေ၊ နေ၊ လ၊ ဂြိုဟ်နက္ခတ်တာရာ သဘာဝနိယာမတရားနှင့် သက်ရှိသက်မဲ့များကို မြင်တွေ့ရပြီး အရှင့်မျက်တော်မှောက်မှ ထွက်သွားနိုင်မည်မဟုတ်ကြောင်းကို “မျက်နှာတော်” ဟု တင်စားခြင်းဖြစ်သည်)။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အရှင့်ကရုဏာတော်ဖြင့် လွှမ်းခြုံထားတော်မူသောအရှင်၊ ခပ်သိမ်းကုန်တို့အား အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။