Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 116 — Surah Al-Baqarah 2:116
(အရှင့် ကိုယ်ပွား၊ အရှင့်ကို တုပြိုင်နိုင်သည့်အရာဟူ၍ လုံးဝမရှိကြောင်း၊ အရှင်မြတ်သည်သာ အနန္တ ဖြစ်ကြောင်း သိပါလျက်) သူတို့က အလ္လာဟ်အရှင်မြတ်၌ သားတော်ရှိကြောင်း လုပ်ကြံဖန်တီး ပြောဆိုကြ၏။ အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းစင်ပြီး အနှိုင်းမဲ့၊ ပြိုင်ဘက်မဲ့၊ ကိုယ်ပွားမဲ့သော အရှင်ဖြစ်တော်မူ၏။ (မျိုးပွားဖြစ်စဉ်ရှိသော သက်ရှိအားလုံးကို ထိုအရှင်မြတ်ကပင် ဖွဲ့စည်းဖြစ်တည်ပျိုးထောင်စေတော်မူ၏)။ ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၌ရှိသော အရာခပ်သိမ်းအားလုံးကို အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ အားလုံးက အရှင့်နိယာမတရားများကို ကျိုးနွံစွာ နာခံနေကြရပြီ။