Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 118 — Surah Al-Baqarah 2:118
(ဖွဲ့စည်းဖြစ်တည်စေတော်မူသောရှင်နှင့်ဖွဲ့စည်းဖြစ်တည်စေခြင်းခံရသူတို့၏အရည်အသွေးကို ခွဲခြားမသိ မြင်ကြသော) ပညာမဲ့များက “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် စကား မပြောပါသနည်း။ သို့တည်းမဟုတ် ကျွန်ုပ်တို့အား ထင်ရှားသော သက်သေလက္ခဏာတစ်ခုခုကို အဘယ်ကြောင့် ပေးအပ်တော် မမူသနည်း။” ဟု တောင်းဆိုမေးမြန်းခဲ့ကြသည်။ သူတို့ခေတ်မတိုင်မီ ရှိခဲ့ကြသောသူတို့ကလည်း ထိုနည်းအတိုင်းပင် မေးမြန်းခဲ့ကြသည်။ သူတို့၏အပြောအဆိုနှင့်နှလုံးသားများမှာ အတူတူပင် ဖြစ်၏။ (သူတို့သည် လူမှုဆက်ဆံ ရေး၌ မောက်မာပြီး လူသားဆန်မှုကင်းမဲ့ရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်ကို ဖီဆန်ရာ၌လည်း အတူအတူပင် ဖြစ်လေသည်)။ သို့ဖြစ်သော်ငြားလည်း ငါအရှင်မြတ်သည် စိတ်ရင်းဖြူစင်စွာဖြင့် ယုံကြည်ကြသည့် လူမျိုးများအတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ထင်ရှားမြင်သာစွာ ရှင်းလင်း ဖော်ပြထားတော်မူပြီး ဖြစ်၏။