Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 120 — Surah Al-Baqarah 2:120

သူတို့၏ဘာသာအယူဝါဒကို အသင် မလိုက်နာသရွေ့ ဂျူးနှင့်ခရစ်ယာန်တို့အား နှစ်သိမ့်ကျေနပ်စေနိုင်မည် အလျဉ်း မဟုတ်ပေ။ “အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်မှုသာလျှင် စစ်မှန်သောလမ်းညွှန်မှု ဖြစ်၏။”ဟု ဟောလော့။ အသင့်ထံ အသိပညာ (ကုရ်အာန်) ရောက်ရှိပြီးမှ သူတို့၏စိတ်အလိုဆန္ဒများ အတိုင်းလိုက်နာလျှင် အသင့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။