Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 123 — Surah Al-Baqarah 2:123
(စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေးနှင့်အစွမ်းအစများ ပေးအပ်ခြင်းခံရသော မည်သည့် လူ့မျိုးရိုး ဗီဇကမျှ သို့မဟုတ်) မည်သူတစ်ဦးတစ်ယောက်ကိုမျှ အခြားသူတစ်ယောက်အတွက် စိုးစဉ်းမျှ အကျိုးမပေးသော (လူတိုင်းက မိမိတို့၏ကယ်တင်ရေးအတွက်အာရုံစိုက်ပြီး မည်သူတစ်ဦးတစ်ယောက်၏လိုအပ်ချက်ကိုမျှ ဖြည့် ဆည်း မပေးနိုင်သော) ကိုယ်စားအသနားခံပေးခြင်းကို လက်မခံသော (လောကီ၌ရသော်လည်း ထိုနေ့တွင် အရှင့် ခွင့်ပြု ချက်မရှိဘဲ မရနိုင်သော)၊ အလျော်အစားကို လက်မခံသော၊ ကူညီစောင်မမှုခံရမည် မဟုတ်သော ထို (ရှင် ပြန်ထမြောက်ရမည့်) နေ့ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။ (ထိုသို့လိုက်နာခြင်းဖြင့် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် ရုန်းကန်ကြလော့။)