Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 124 — Surah Al-Baqarah 2:124
(အို၊ သင်တို့က တမန်တော်မြတ်ကို ယုံကြည်ပြီး ကိုယ်တော်၏လမ်းစဉ်အတိုင်း လိုက်နာရန် ငြင်းဆန်ခြင်း သည် တမန်တော်မြတ်က သင်တို့အနက်မှ တစ်ဦးမဟုတ်သောကြောင့်ပင် ဖြစ်ပေ၏။ သင်တို့အနက်မှဖြစ်သော အီဗ်ရာဟီးမ်၏တမန်တော်ဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သင်တို့၏ဆန္ဒသည်ကား မည်သို့နည်း။) တမန်တော်အီဗ်ရာဟီးမ်ကို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အမိန့်တော်များဖြင့် စမ်းသပ်တော်မူသည့်အခါ (တမန်တော်) အီဗ်ရာဟီးမ်းက ယင်းတို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ အရှင်မြတ် က “ငါအရှင်မြတ်သည် သင့်အား လူသားတို့၏အီမာမ် (ရှေ့ဆောင်ဦးစီးခေါင်းဆောင်) အဖြစ် ခန့်အပ်တော်မူ ခဲ့ပြီ။” ဟု မိန့်ဆိုသော် (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်တော်၏သားစဉ်မြေးဆက်များကိုလည်း (ရှေ့ဆောင်များ၊ ဦးစီးခေါင်းဆောင်များအဖြစ် ဖြစ်စေတော်မူပါ။)” ဟု လျှောက်တင်ခဲ့၏။ အရှင်မြတ်က “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ကတိတော်နှင့်အလှမ်းဝေး၏။” ဟု မိန့် တော်မူ၏။ (ကတိတော်၌ သူတို့မပါဝင်သည့်အတွက် ငါအရှင်မြတ်၏ဂုဏ်ပေးမှုသည် သူတို့အထိ ရောက်မည် မဟုတ်ပေ။)