Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 125 — Surah Al-Baqarah 2:125
ငါအရှင်မြတ်သည် အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်) အား လူသားတို့အတွက် သွားရောက်ဆုံဆည်းရာဌာနနှင့်ဘေးကင်းလုံခြုံသော ခိုကိုးရာအဖြစ် စီမံဖြစ်စေတော်မူပြီး (သင်တို့က) “အီဗ်ရာဟီးမ်၏ရပ်တည်ရာစခန်းကို ဆွလာသ်ဝတ်ပြုရာနေရာအဖြစ် မှတ်ယူသတ်မှတ်ကြလော့။” (ဟု မိန့်တော်မူခဲ့၏)။ ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့အား ငါအရှင်မြတ်၏အိမ်တော်ကို တဝါဖ်လှည့်လည်၍ ဝတ်ပြုသူများ၊ အိအ်တိကာဖ်တရားထိုင်သူများ၊ (ဝတ်ပြုစဉ်) ဦးညွတ်သူများနှင့်ဦးချသူများအတွက် သန့်စင်စေကြလော့။” ဟု တာဝန်အဖြစ် ပြဌာန်းတော်မူ၏။