Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 126 — Surah Al-Baqarah 2:126

(ထို့ပြင် သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤမြို့ဤဒေသကို ဘေးကင်းလုံခြုံရာဒေသအဖြစ် စီမံဖြစ်စေတော်မူပါ။ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ကို ယုံကြည်သူဟူသမျှ (မည်သူမဆို) အား သီးနှံရိက္ခာများ ထောက်ပံ့ကျွေးမွေးတော်မူပါ။” ဟု ဆုတောင်းလျှောက်တင်စဉ် ငါအရှင်မြတ်က (ယုံကြည်သူများ သာမက) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကိုလည်း (ဤလောကီအတွက်) အနည်းငယ် ထောက်ပံ့ပေး၍ ခံစားစေတော်မူပြီးနောက် ပြစ်ဒဏ်ဆိုင်ရာငရဲမီးထဲသို့ မောင်းနှင်တွန်းပို့တော်မူလိမ့်မည်။ ထိုပန်းတိုင်သည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှပေတကား။” ဟု မိန့်တော်မူ၏။