Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 128 — Surah Al-Baqarah 2:128
အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ကို အရှင့်ထံတော်၌ မွတ်စလင် (ခေါ် ကိုယ်စိတ်ဆန္ဒနှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံသူ) နှစ်ဦးအဖြစ် ဖြစ်စေတော်မူပါ၊ ကျွန်ုပ်တို့၏သားစဉ်မြေးဆက်မှလည်း အရှင့်ထံတော်၌ (အရှင်မြတ်က လက်ခံတော်မူဖွယ်ရာ) မွတ်စလင်လူထု အသိုင်းအဝိုင်းတစ်ခု ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့၏စိတ်ဆန္ဒကို အရှင့်ထံ နာခံအပ်နှံလျက် အရှင့်ဘက်သို့ လှည့်ထားပြီဖြစ်၍) အရှင့်ကရုဏာတော်ကိုလည်း ကျွန်ုပ်တို့ဘက်လှည့်စေတော်မူပါ။ မုချဧကန်၊ အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ခြင်းကို လက်ခံတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။