Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 129 — Surah Al-Baqarah 2:129
အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့ (၏သား စဉ်မြေးဆက်များ) အနက်မှ အာယသ် အရှင့်အမိန့်ပညတ်ချက်ဆိုင်ရာသက်သေလက္ခဏာတော်များကို သူတို့ (၏နောင်လာနောင်သားများ) အား ဖတ်ပြရန်၊ ကျမ်းတော်နှင့် (ဓမ္မသတ်၏အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်အားဖြင့် သွန်သင်ညွှန်ကြားပေးရန်နှင့်သူတို့ကို (မယုံကြည်မှုနှင့်မကောင်းမှုဟူသမျှမှ) သန့်ရှင်းစင်ကြည်စေမည့် ရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်စေတော်မူပါ။ မုချဧကန်၊ အရှင်မြတ်သည် အနန္တတန်ခိုးအာနုဘော်နှင့်ပြည့်စုံ တော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာတွင် ဉာဏ်အမြော်အမြင်အနန္တနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။