Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Baqarah 2:13

ထို့ပြင် (ယုံကြည်မှုသစ္စာတရားဘက်ဖိတ်ခေါ်ရန် တာဝန်ရှိသည့်အလျောက်) သူတို့အား ""ယုံကြည်သူများ ကဲ့သို့ ယုံကြည်ကြလော့။"" ဟု ပြောသည့်အခါတိုင်း သူတို့က (လူတို့အား မတရားသဖြင့်နှိပ်ကွပ်နိုင်ရန်နှင့်သူတို့၏ မာန်မာနကို ပြသနိုင်ရန်အတွက်) ""ကျွန်ုပ်တို့သည် တုံးအသူများကဲ့သို့ ယုံကြည်ရမည်လော့။"" ဟု ပြောဆိုကြပြန်၏။ သတိပြုကြလော့။ သူတို့သည်သာ တုံးအသူများ ဖြစ်ကြချေပြီ။ သို့သော် သူတို့သည် (လမ်းမှန်နှင့်လမ်းမှား၊ အမှားနှင့်အမှန်၊ ဖြူစင်သည့်သစ္စာတရားနှင့်သီလကြောင်မှုတို့ကို့ခွဲခြားစွာ သိမြင်လိုစိတ် မရှိကြသဖြင့်) သိနားလည်နိုင် စွမ်းမရှိကြပေ။