Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 130 — Surah Al-Baqarah 2:130
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒနှင့်အညီအသုံးချ၍ မိမိကိုယ်ကို ငတုံးငအကဲ့သို့ လှည့်စားသူမှအပ အဘယ်သူက တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်မှ လှည့်ပြောင်း တိမ်းရှောင်သွားမည်နည်း။ ငါအရှင်မြတ်သည် သူ့ကို ငါအရှင်မြတ်၏ရင်းနှီးသော “မိတ်ဆွေအီဗ်ရာဟီးမ်” ဟု တင်စားခေါ်ဆို၍) ဤလောက ၌ ဖြူစင်ထူးကဲသူအဖြစ် ရွေးချယ်တော်မူခဲ့ပြီး နောင်တမလွန်၌လည်း ဖြောင့်မတ်မှန်ကန်သူများ၏စာရင်းဝင် တစ်ဦး ဧကန်မုချပင် ဖြစ်စေတော်မူလိမ့်မည်။