Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 131 — Surah Al-Baqarah 2:131

သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ဖြစ်သူငါအရှင်မြတ်) က သူ့ကို “(သင့်စိတ်အလိုဆန္ဒကို ငါအရှင်ထံ) နာခံအပ်နှံလော့။”ဟု မိန့်တော်မူသောအခါ သူက “ကျွန်ုပ်သည် လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်အား ဖြူစင်စွာ ယုံကြည်ကိုးကွယ်လျှက် ကျွန်ုပ်၏ကိုယ်စိတ်နှလုံးတို့ကို) အရှင်မြတ်ထံ နာခံအပ်နှံပါ၏။” ဟု လျှောက်ထားခဲ့၏။ (အစ္စလာမ်၏အဓိပ္ပါယ်မှာ စိတ်အလိုဆန္ဒကို အရှင်မြတ်ထံ နာခံအပ်နှံခြင်းနှင့်လောကခပ်သိမ်းကို ငြိမ်းချမ်းသာယာစေခြင်းဟု အဓိပ္ပါယ်ရ၏။)