Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 132 — Surah Al-Baqarah 2:132
တမန်တော် အီဗ်ရာဟီးမ်သည် ယင်း (စိတ်အလိုဆန္ဒအား အရှင့်ထံ နာခံအပ်နှံသည့် အစဉ်အလာ) ကို သူ့သား စဉ်မြေးဆက်တို့အား (လက်ဆင့်ကမ်းလွှဲပြောင်းပေး၍) သွန်သင်လမ်းညွှန်ခဲ့ပြီး (သူ့မြေးတော်စပ်သူ) (တမန် တော်) ယာကုဗ်ကလည်း “အို၊ ကျွန်ုပ်၏သားမြေးတို့၊ (ယုံကြည်မှုနှင့်ဘဝတည်ဆောက်ရေးဆိုင်ရာ လမ်းစဉ်များ အနက်မှ) မုချဧကန်၊ ဤ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကိုသာ အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် (စစ်မှန်သော ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ၊ (သင်တို့၏စိတ်အလိုဆန္ဒကို အရှင့်ထံ နာခံအပ်နှံကြလော့။ အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားမည်သည့်လမ်းစဉ်ကိုမျှ မလိုက်ကြလေနှင့်။ သို့မှသာ မွတ်စလင် ဖြစ်ကြမည်။) သင်တို့က မွတ်စလင် မဖြစ်သေးသရွေ့ တမလွန်ဘဝသို့ မကူးပြောင်း သင့်ပေ။ (စိတ်အလိုဆန္ဒကို အရှင့်ထံ နာခံ အပ်နှံ၍ အခြားသူတို့အား မိမိ၏လက်နှင့်နှုတ်လျှာတို့ဖြင့် ငြိမ်းချမ်းမှုနှင့်လုံခြုံမှု ပေးသူသည်သာလျှင် “စစ်မှန်သော မွတ်စလင်” ဖြစ်သည်။)