Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 133 — Surah Al-Baqarah 2:133

သို့တည်းမဟုတ် (တမန်တော်ယာကုဗ်၏မျိုးဆက်မှဖြစ်သော) သင်တို့ (ဂျူးများ) သည် (တမန်တော်) ယာကုဗ်ဘဝ၏နောက်ဆုံးခရီး (ကွယ်လွန်ခါနီး၌ သင်တို့အား ဆုံးမခဲ့သည်) ကို မျက်မြင်တွေ့ခဲ့ကြပြီ ဖြစ်၏။ ထိုစဉ် သူက သားမြေးတို့အား “ကျွန်ုပ် မရှိသည့်နောက်ပိုင်းတွင် သင်တို့က မည်သည့်အရာကို ကိုးကွယ်ကြမည် နည်း။” ဟု မေးသော် သူတို့က “ကျွန်ုပ်တို့သည် သင့်အရှင်သခင်နှင့်သင့်ဘိုးဘေးများဖြစ်ကြသော (တမန်တော်) အီဗ်ရာဟီးမ်၊ အစ္စမာအီလ်၊ အီစ္စဟာက်တို့၏အရှင်သခင်၊ တစ်ဆူတည်းတည်ရှိတော်မူသော အရှင်မြတ်ကိုသာ ကိုး ကွယ်ကြပါမည်။ ကျွန်ုပ်တို့သည် ထိုအရှင်ထံ နာခံအပ်နှံကြသော မွတ်စလင်များ ဖြစ်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။