Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 136 — Surah Al-Baqarah 2:136
(အို၊ မွတ်စလင်တို့၊ အစ္စလာမ့်ဘောင်အတွင်းသို့ အပြည့်အဝ ဝင်လိုလျှင်) “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (နှင့်အလ္လာဟ်အရှင်မြတ်ထံတော်မှ) ကျွန်ုပ်တို့ထံ ထုတ်ပြန်ချမှတ်ပေးအပ်ခံရသောအရာ (ကုရ်အာန်၊ တမန်တော်) အီဗ်ရာဟီမ်၊ အစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ် တို့အပေါ်နှင့်အခြားလူမျိုးစုများထံသို့ စေလွှတ်တော်မူခဲ့သောတမန်တော်တို့အပေါ်တွင် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းဂန်) များ၊ (တမန်တော်) မူဆာ နှင့်အီစာတို့အပေါ်တွင် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံသောအရာ (ကျမ်းဂန်) များ၊ သူတို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံမှ အခြားနဗီတမန်တော်များအပေါ် ထုတ်ပြန်ချမှတ် ပေးအပ်တော်မူသောအရာ (ကျမ်းငယ်များအားလုံး) ကို ယုံကြည်ကြပါပြီ။ သူတို့ (အားလုံးသည် အရှင့်တမန် တော်များဖြစ်ကြောင်းကိုလည်း ဖြူစင်စွာ ယုံကြည်ပြီး သူတို့အချင်းချင်း) ကြားဝယ် တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု လုံးဝ မပြုကြပါ။ ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များ ဖြစ်ကြပါသည်။” ဟု ကြွေးကြော်ကြေညာကြလော့။