Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 138 — Surah Al-Baqarah 2:138

(အို၊ မွတ်စလင်တို့၊ ကျမ်းတော်၌ တင်ပြတော်မူသည့်အတိုင်း အရှင့်အမိန့်ပညတ်များကို စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် နာခံလိုက်နာခြင်းဖြင့်) “အလ္လာဟ်အရှင်မြတ်၏အရောင် (ကိုသာ ဆိုးခြယ်ကြလော့။) အလ္လာဟ်အ ရှင်မြတ်ထက် ပိုမိုကောင်းမွန်သော အရောင်ခြယ်မှုကို ပြုနိုင်သူ မည်သူရှိအံ့နည်း။ ကျွန်ုပ်တို့သည် တစ်ပါးတည်း တည်ရှိတော်မူသောအရှင်မြတ်ကို (ကျိုးနွံစွာနာခံကိုးကွယ်နေကြသော) အစေခံများ ဖြစ်ကြသည်။” (ဟု ကြွေးကြော်လော့)။ (စကြဝဠာများနှင်အရာခပ်သိမ်းအားလုံးကို အရှင်မြတ်က ကြည်နူးဖွယ်ကောင်းအောင်၊ တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်အောင် လိုအပ်သည့် အရည်အသွေးများနှင့်အညီ မျှတလိုက်ဖက်စွာ ချိန်ညှိလျှက် အရောင်ခြယ်ထားတော်မူ၏။ လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူ့ဘဝတည်ဆောက် ရေးစနစ်ကိုလည်း အလ္လာဟ်အရှင်မြတ်ညွှန်ပြတော်မူသည့် အမိန့်တော်ဆိုင်ရာ အရောင်များနှင့်အညီ ခြယ်မှုန်း ခြင်းဖြင့်သာလျှင် အရှင့်သဘာဝတရား၌ အရာခပ်သိမ်းတို့သည် သဟဇာတဖြစ်သကဲ့သို့ လူသားတို့၏ဘဝသည်လည်း သာယာလှပပြီး ကြည်နူးဖွယ်ရာ ကောင်းပေလိမ့်မည်။)