Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 139 — Surah Al-Baqarah 2:139

“ကျွန်ုပ်တို့နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဖြစ်သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ (အရှင်မြတ်ထံတော်၌ ဂျူးနှင့်ခရစ်ယာန်တို့အတွက် သုခဘုံ ရှိဟန်ဖြင့်) ကျွန်ုပ်တို့နှင့်အခြေအတင် ပြောဆိုငြင်းခုံကြလေသလော။ (ထိုအရှင်က ကျွန်ုပ်တို့အား အမိန့်တော်များ ညွှန်ကြားတော်မူသည့်အတိုင်းပင် သင်တို့ကိုလည်း ညွှန်ကြားခဲ့ပြီး ယင်းတို့ကို ယုံကြည်ရန်နှင့်လိုက်နာရန် မိန့်တော်မူခဲ့၏။ သို့သော် သင်တို့သည်သာလျှင် အားလုံးထက် မြင့်မြတ်ကြောင်းကို တစိုက်မတ်မတ် ကြွေးကြော်နေသည့်အတွက် ကျွန်ုပ်တို့ ပြောလိုသည်မှာ) ကျွန်ုပ်တို့၏ပြုမူကျင့်ကြံလုပ်ဆောင်မှုအတွက်သာ ကျွန်ုပ်တို့တွင် တာဝန်ရှိပြီး သင်တို့ ၏ပြုမူကျင့်ကြံလုပ်ဆောင်မှုများအတွက်သာ သင်တို့မှာ တာဝန်ရှိ၏။ ကျွန်ုပ်တို့သည် ထိုအရှင် (၏ကျေနပ်နှစ် သက်မှုရရန်) အတွက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ပြုမူကျင့်ကြံလုပ်ဆောင်သူများ ဖြစ်ကြသည်။” ဟု အသိပေး ကြေညာလော့။