Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 140 — Surah Al-Baqarah 2:140
သို့တည်းမဟုတ် (တမန်တော်) “အီးဗ်ရာဟီးမ်၊ အစ္စမာအီးလ်၊ အစ္စဟာ့က်၊ ယအ်ကူဗ်နှင့်လူမျိုးစုများထံ စေ လွှတ်တော်မူသော တမန်တော်များသည် ဂျူး၊ သို့မဟုတ် ခရစ်ယာန်များ၊ ဖြစ်ခဲ့ကြသည်။”ဟု အခိုင်အမာ ပြောဆို ကြလေသလော။ “သင်တို့သည် ပိုမို၍ သိကြမည်လော့။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အသိဆုံး ဖြစ်သလော)။” ဟု မေးမြန်းကြလော့။ “သူနှင့်အတူရှိပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ (ဖြစ်ပြီး ထင်ရှားပေါ်လွင်သောကြောင့် မည်သူမျှ မည်သည့်အခါမျှ ဖုံးဖိထားနိုင်မည် မဟုတ်သော အရှင့်) သက်သေတော်တစ်ခုအား ထိမ်ချန်ဖုံးဖိထားသူထက် “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်လုပ်သူ” မည်သူဖြစ်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို သတိမမူ၊ မေ့လျော့ထားတော်မူသည်လည်း မဟုတ်ပေ။