Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 142 — Surah Al-Baqarah 2:142

လူတို့အနက်မှ (အယောင်ဆောင်) ငတုံးငအ လူ့ဗာလတို့က “အဘယ်အရာက သူတို့အား ယခင်ကရှိခဲ့ သော သူတို့၏ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို လှည့်ပြောင်းစေသနည်း။” ဟု မကြာခင် မေးကြလိမ့်မည်။ “နေထွက်ရာအရှေ့အရပ်နှင့်နေဝင်ရာအနောက်အရပ်တို့သည် အလ္လာဟ်အရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသည့် အရှင့်ပိုင်များသာဖြ​စ်၏။ (အရှင်မြတ်မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ ပြောင်းခဲ့၏)”ဟု (အသင် တမန်တော်) အသိပေးဖြေကြားလော့။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူသော သူကိုသာ (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်အား ညွှန်ပြတော်မူ၏။