Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 143 — Surah Al-Baqarah 2:143

(အို၊ တမန်တော်မုဟမ္မဒ်၏နောက်လိုက်အသိုင်းအဝိုင်းတို့၊ အခြားလူတို့က ဖြောင့်မတ်မှန်ကန်သောလမ်း စဉ်မှ လွှဲချော်၍ အခြားကွဲပြားခြားနားသောလမ်းစဉ်များနောက်ကို လိုက်ခြင်းဖြင့် ယုံကြည်မှုနှင့်အတွေးအခေါ်တို့ တွင် အစွန်းရောက်မှုဘက်သို့ ယိမ်းယိုင်နေချိန်တွင်) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (အရှင့်အမြင့်မြတ်ဆုံး) ရစူလ်တမန်တော်တစ်ပါးအား (အရှင့်အမိန့်တော်များကို လက်တွေ့ကျင့်သုံးပြ၍) သင်တို့အတွက် သက်သေ ဖြစ်စေတော်မူပြီး သင်တို့က တစ်ဖန် လူသားထုတစ်ရပ်လုံးအပေါ် (အရှင့်အမိန့်တော်များကို တမန်တော်မြတ်၏ လမ်းစဉ်နှင့်အညီ လိုက်နာပြခြင်းဖြင့် အတုယူဖွယ်စံပြ) သက်သေများဖြစ်နိုင်ရန်အလို့ငှာ သင်တို့အား အလယ်အ လတ်လမ်းစဉ်အတိုင်း ဘဝဆောက်တည်သော လူ့အသိုင်းအဝိုင်းအဖြစ် ဖြစ်စေတော်မူ၏။ ငါအရှင်မြတ်သည် (သူတို့) ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူ ဦးတည်ရာအဖြစ် ယခင်ကရှိခဲ့သော ဦးတည်ရာ (ဗိုလ်တုလ်မုကဒ္ဒီစ်) ကို ဖြစ်စေတော်မူခဲ့ခြင်းမှာ (သူတို့အနက်မှ) မည်သူက ရစူလ်တမန်တော်ကို (တစ်သဝေမတိမ်း ဖြူစင်စွာ) လိုက်နာ ပြီး မည်သူက (သူ့စိတ်အလိုဆန္ဒနောက် လိုက်လျက်) သူ့ခြေဖဝါးပေါ် ရပ်တည်၍ (တမန်တော်၏လမ်းစဉ်အား သူတို့၏လိုအင်ဆန္ဒနှင့်မကိုက်ညီဟုဆိုကာ အကျိုးမရှိသော အခြားလမ်းစဉ်များ၏နောက်သို့ လိုက်ခြင်းဖြင့်) နောက်ပြန်လှည့်သွားမည်ကို ခွဲခြားသိစေခြင်းမှအပ အခြား (မည်သည့်အကြောင်းရင်းမျှ) မရှိပေ။ စင်စစ် (ဤစမ်း သပ်မှုသည်) အလ္လာဟ်အရှင်မြတ်က လမ်းညွှန်တော်မူခဲ့သော (ယုံကြည်မှုခိုင်မြဲသည့်) သူတို့မှအပ (ကျန်လူ အားလုံးတို့ အပေါ်တွင်) အလွန်ကြီးလေးသော ဝန်ထုပ်ကြီး ဖြစ်စေ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ယုံကြည်မှုကို မည်သည့်အခါမျှ အချည်းနှီး၊ အကျိုးမဲ့ ဖြစ်စေတော်မူမည် မဟုတ်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့နှင့်စပ်လျဉ်း၍ အခက်အခဲများအား ဖယ်ရှားပေးတော်မူရာတွင် နူးညံ့သိမ်မွေ့သော၊ အကြင်နာထားတော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။