Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 144 — Surah Al-Baqarah 2:144

(အို၊ ရစူလ်တမန်တော်) သင်သည် သင်၏မျက်နှာကို ကောင်းကင်ယံဘက်သို့ မျက်နှာမူရှေးရှု၍ ငါအရှင်ထံတော်မှ ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို ပြောင်းပေးတော်မူရန် အရှင့်အမိန့်အတွက် မျှော်ကိုးလျက် မကြာမခဏကြည့်နေသည်ကို ငါအရှင်မြတ်သည် မုချပင် တွေ့တော်မူ၏။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သင့်အား ကျေနပ်နှစ်သက်စေမည့် ဦးတည်ရာဘက်သို့ သင့်ကို မျက်နှာမူဦးတည်စေတော်မူလိမ့်မည်။ (ယခုအချိန်မှစ၍) သင်၏မျက်နှာကို အလေးအမြတ်အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာ မူဦးတည်လော့။ (အို၊ ယုံကြည်သူအပေါင်းတို့) သင်တို့က မည်သည့် အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ (ဝတ်ပြုစဉ် မျက်မူဦးတည်ရာကို ယင်း (ဝတ်ကျောင်းတော်) ဘက်သို့ မျက်နှာမူဦးတည်ကြလော့။ မုချဧကန်၊ ကျမ်းစာပေးခံရသူ (ဂျူးနှင့်ခရစ်ယာန်) တို့က ယင်း “(တမန်တော်အား ဆွလာသ်ဝတ်ပြုစဉ် ဦးတည်ရာ လှည့်စေတော်မူခြင်း)” သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံမှ (အမိန့်တော်) အမှန်တရားသစ္စာ ဖြစ်ကြောင်း အမှန်ပင် သိနေကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို သတိမမူ၊ မေ့လျော့ထားတော်မူသည် မဟုတ်ပေ။