Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 145 — Surah Al-Baqarah 2:145
သင်သည် ကျမ်းစာပေးခံရသူတို့၏ရှေ့ဝယ်တွင် ရှိသမျှ အာယာသ်သက်သေလက္ခဏာတော်များကို ယူ ဆောင်တင်ပြခဲ့လျှင်လည်း သူတို့သည် သင်၏မျက်နှာမူဦးတည်ရာကို လိုက်နာကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်သည် သူတို့မျက်နှာမူဦးတည်ရာ၏နောက်လိုက်တစ်ဦးလည်း အလျှင်း မဟုတ်ပေ။ ထိုမျှမက သူတို့သည် လည်း သူတို့အချင်းချင်း တစ်ဦး၏ဦးတည်ရာကို နောက်တစ်ဦးက လိုက်နာသူလည်း မဟုတ်ပေ။ (စိတ်ကူးယဉ် အထင်ဖြင့်သာ သူတို့က ဦးတည်ရာနောက်ကို လိုက်ကြသည်ဟု ယူဆနေကြ၏)။ (အရှင့်ဉာဏ်တော်အနန္တမှ) သင့်ထံသို့ အသိတရား (ကျမ်းတော်) ရောက်စေတော်မူပြီးနောက်တွင်မှ အကယ်၍ သင်သည် သူတို့၏စိတ်အလို ဆန္ဒတပ်မက်မှုများအတိုင်း လိုက်နာခဲ့လျှင် (အကျိုးဆက်အဖြစ်) သင်သည် အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်၍ မတော်မတရား မမှန်မကန် လုပ်သူများအနက်မှပင် မုချ ဖြစ်ခဲ့လိမ့်မည်။