Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 146 — Surah Al-Baqarah 2:146
ကျမ်းစာပေးခံရသူတို့သည် သူတို့၏သားမြေးများအား သိကြသကဲ့သို့ ဤ (ကျမ်းတော်ကုန်အာန်အား အရှင်မြတ်က တမန်တော်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူ) သည်ကိုလည်း ကောင်းစွာ သိခဲ့ကြသည်။ (သူတို့၏သားမြေးအရင်းအချာများကို တခြားသူတို့ထက် သူတို့အသိဆုံးဖြစ်သကဲ့သို့ တမန်တော်မြတ်သည်လည်း အရှင်မြတ်ရွေးချယ်တော်မူသည့် တမန်တော်ဖြစ်ကြောင်း၊ ကုရ်အာန်သည် အရှင်မြတ်ထံတော်မှ ချမှတ်ပေးအပ်တော်မူသော လမ်းညွှန်တော်ဖြစ်ကြောင်းနှင့်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာအရပ်ကို အရှင်မြတ်ကိုယ်တိုင် ပြောင်းပေးတော်မူခဲ့ကြောင်းကိုလည်း ကောင်းစွာ သိခဲ့ကြသည်။) သို့သော်လည်း သူတို့အနက်မှ အုပ်စုတစ်စုသည် အမှန်တရားကို သိနေပါလျက် ထိမ်ချန်ဖုံးကွယ်ထားကြသည်။