Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 148 — Surah Al-Baqarah 2:148

လူတိုင်းအတွက် သူ၏မျက်နှာမူဦးတည်ရာအရပ် ကိုယ်စီရှိ၏။ (လူတိုင်း၌ သူတို့၏ဘဝခရီးအတွက် ဦး တည်ချက် ပန်းတိုင်ကိုယ်စီရှိကြပြီး ယုံကြည်သူတို့၏ပန်းတိုင်မှာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ညွှန်ကြားတော်မူသည့် လမ်းညွှန်တော်နှင့်အညီသာ ရှိကြ၏။) သို့ဖြစ်ပေရာ ကောင်းမှုအတွက် (သူ့ထက်ငါသာအောင်) အပြိုင်အဆိုင် အပြေးအလွှား ရုန်းကန်ကြိုးပမ်း ကြလော့။ (သင်တို့၏အဓိကပန်းတိုင်မှာ အရှင်မြတ်ညွှန်ကြားသည့်အတိုင်း ကောင်းမှုကုသိုလ်လုပ်၍သာ အရှင့်ထံ ရောက်ရန်ပင် ဖြစ်၏။) သင်တို့သည် မည်သည့်နေရာ၌ ရှိကြသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်က သင်တို့အားလုံးကို (အရှင့်ထံ သို့သာ) စုရုံးရောက်ရှိစေလိမ့်မည်။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အရှင့်နိယာမတရား၊ စည်းမျဉ်းဩဇာတို့ဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။