Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 149 — Surah Al-Baqarah 2:149

သင်တို့မည်သည့်နေရာသို့ ထွက်ခွာရောက်ရှိသည် ဖြစ်စေသင်တို့၏မျက်နှာမူရှေ့ရူဉီးတည်ရာကို အလေးအမြတ် အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာမူဦးတည်လျှက် မျက်နှာ လှည့်ကြလော့။ (ယုံကြည်သူတို့သည် သူတို့၏အဓိကပန်းတိုင်ဖြစ်သော အရှင်မြတ်ထံ ကောင်မှုနှင့်အတူ ရောက် ရှိခြင်းကို တစ်နေ့ငါးကြိမ် ဝတ်ပြု၍ အရှင့်ကူညီစောင်မမှုကို ရရှိနိုင်ရန် အသနားခံ လျှောက်တင်ခြင်းဖြင့် ဘဝခရီး နှင်ကြသည်)။ မုချဧကန်၊ ဤသည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ (ရောက်ရှိလာသော) အမှန်တရားသစ္စာပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှမှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။