Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 150 — Surah Al-Baqarah 2:150
သင်တို့သည် မည်သည့်နေရာသို့ ထွက်ခွာရောက်ရှိသည်ဖြစ်စေ၊ သင်တို့၏မျက်နှာမူရှေ့ရူဦးတည်ရာကို အလေးအမြတ်အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာမူ ဦးတည်လှည့်ကြလော့။ စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန်လုပ်သူများမှအပ လူသားဖြစ်သည့် သင်တို့အပေါ် မည်သည့် ငြင်းချက်မျှ မထုတ်နိုင်ရန်အလို့ငှာ သင်တို့က မည်သည့် အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ (ဝတ်ပြုစဉ် မျက်မူဦးတည်ရာကို) ယင်း (ဝတ်ကျောင်းတော်) ဘက်သို့ မျက်နှာမူဦးတည် လှည့်ကြလော့။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သင်တို့အပေါ်တွင် အရှင့်ကျေးဇူးတော်များဖြင့် ဂုဏ်ပေးချီးမြှောက်ခြင်းအား ပြည့်စုံစေတော်မူရန်နှင့်သင်တို့က တရားလမ်းမှန် ညွှန်ပြတော်မူခြင်းခံရရန်အလို့ငှာ သင်တို့သည် သူတို့ကို မကြောက်ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ စိုးရွံ့ထိတ်လန့်ကြလော့။ (ကမ္ဘာအနှံ့တွင် နေထိုင်သည့် မွတ်စလင်ထုတစ်ရပ်လုံးသည် တစ်ခုတည်းသော ဦးတည်ရာဘက်ကို မျက်နှာမူရှေ့ရှုဦးတည်၍ တစ်နေ့ ငါးကြိမ်ဝတ်ပြုလျှင် ကမ္ဘာ့မိသားစုကြီး အတွက် “စံ” တစ်ခုဖြစ်လာမည်။)