Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 152 — Surah Al-Baqarah 2:152

သို့ဖြစ်ပေရာ (အစဉ်အမြဲ) ငါအရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟကြလော့၊ (အရှင်မြတ်သာ အနှိုင်းမဲ့ ကြီးကျယ်တော်မူကြောင်းနှင့်အရှင်မြတ်ပြဌာန်းတော်မူသည့် စည်းမျဉ်းတော်များသည် လူသားတို့ အကျိုးအတွက်သာ ဖြစ်ကြောင်း ကြွေးကြော်လော့။) ငါအရှင်မြတ်သည် သင်တို့ကိုလည်း သတိရတော်မူလိမ့်မည်။ (အရှင်မြတ်သည် သင်တို့လုပ်နေသော ကောင်းမှုကုသိုလ်များ၏အကြောင်းကို ကောင်းကင်တမန်တို့ရှေ့မှောက်၌ ထုတ်ဖော်တော်မူလိမ့်မည်။) ထို့ပြင် (အရှင့်ကျေးဇူးတော်ကို သိတတ်သူများပီပီ) ငါအရှင်မြတ်ကို ကျေးဇူးတင်ကြလော့။ ကျေးဇူးမကန်းကြလေနှင့်။ (အရှင်မြတ်၏အမိန့်တော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မလုပ်ကြလေနှင့်။