Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 154 — Surah Al-Baqarah 2:154
အို၊ ယုံကြည်သူအပေါင်းတို့၊ “အလ္လာဟ်အရှင်မြတ်၏ (အရေးဖြစ်သော ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းမှုနှင့် မတရားမှုပပျောက်ရေး၊ လူတို့၏အသက်အိုးအိမ်ကာကွယ်ရေးနှင့်လူ့အခွင့်အရေးတို့အတွက် ကိုယ်စိတ်နှလုံးအား စွန့်လှူရန် ထွက်ရသည့် အရှင့်) လမ်းတော်၌ လုပ်ကြံသတ်ဖြတ်ခံရသူများကို (လှုပ်ရှားမှု၊ လုပ်ဆောင်မှုရပ် တည့်သွားသည့်) ကွယ်လွန်သေဆုံးသွားသူများဟု မပြောကြလေနှင့်။ အမှန်မှာ (သူတို့သည် သူတို့လုပ်ဆောင်ခဲ့သမျှ၏အကျိုးဆက်ကို ဆက်လက်ရှင်သန်စေလျက်) အသက်ရှင်နေသူများ ဖြစ်ကြသော်လည်း သင်တို့သည် သတိမမူနိုင်ကြပေ။”