Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 155 — Surah Al-Baqarah 2:155
ငါအရှင်မြတ်သည် သင်တို့အား ကြောက်ရွံ့မှု၊ ငတ်မွတ်မှု၊ (ဝင်ငွေရှာသည့်နည်းလမ်းများ၊ အစာရိက္ခာဖြစ်သော ကောက်ပဲသီးနှံနှင့်) သစ်သီးဝလံများ ဆုံးရှုံးပျက်စီးမှု ၊ဆွေမျိုးရင်းချာနှင့်အသိုင်းအဝိုင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးနစ်နာမှု စသည်တို့ဖြင့် မုချဧကန် စမ်းသပ်တော်မူမည်ဖြစ်၍ (ထိုသို့ အစမ်းသပ်ခံရသည့်အခါ) ခန္တီသည်းခံကြံခိုင်မှုမြဲမြံသူတို့အား သတင်းကောင်းပါးလော့။