Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 158 — Surah Al-Baqarah 2:158

ဧကန်ပင်၊ ဆွဖာနှင့်မရ်ဝါတို့သည် (အစ္စလာမ်နှင့်မွတ်စလင်ထုအတွက် အရှင်မြတ်သတ်မှတ်ထားသည့်) အလ္လာဟ်အရှင်မြတ်ပိုင် သင်္ကေတအမှတ်အသားများအနက်မှ ဖြစ်၏။ မည်သူမဆို အရှင့်အိမ်တော်သို့ ဟဂျ်ပြုရန် ရောက်သည်ဖြစ်စေ သို့မဟုတ် အွမ်ရဟ်ပြုရန် ရောက်သည်ဖြစ်စေ ယင်း (ဆွဖာနှင့်မရ်ဝါ) တို့အား လှည့်လည် (၍ ယင်းတို့ကြားပြေးလွှား) သွားလာခြင်း၌ သူ့အပေါ်တွင် အပြစ်မထိုက်ပေ။ မည်သူမဆို စိတ်စေတနာအလျှောက် (အရှင်မြတ်နှင့်တမန်တော် မိန့်ကြားသည်ကို လိုက်နာ၍) ကောင်းမှုတစ်ခုအား ဖြူစင်စွာပြုလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိတတ်သူများကို အသိအမှတ်ပြုတော်မူ၍ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။