Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 159 — Surah Al-Baqarah 2:159

ကျမ်းတော် (ကုရ်အာန်) ၌ လူသားတို့အတွက် (တမန်တော်မှတစ်ဆင့် ရှင်းလင်းချက်များကို) ထင်ရှားပြတ် သားစွာ ထုတ်ဖော် တင်ပြစေတော်မူပြီးနောက် ထိုထင်ရှားပြတ်သားသော ရှင်းလင်းချက်များနှင့်လမ်းညွှန်တော်မှ (အာယာသ်သက်သေလက္ခဏာတော်အချို့နှင့်တမန်တော်မြတ်၏အမိန့်ဩဝါဒတော်များကို ငြင်းဆိုလို၍) ငါအရှင် မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော မည်သည့်အရာကိုဖြစ်စေ၊ ထိန်ချန်ဖုံးကွယ်ထားကြသူတို့သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာ၊ အကြင်နာနှင့်ခွင့်လွှတ်တော်မူခြင်းတို့မှ ဝေးကွာစေလျက်) ကျိန် ဆဲခံရသူများဖြစ်ကြရုံသာမက ထိုသူတို့သည် (အခြားသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းနှင့်) ကျိန်ဆဲသူတို့ ၏ကျိန်ဆဲမှုကိုလည်း ခံစားကြရမည့်သူများပင် ဖြစ်ကြ၏။