Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 160 — Surah Al-Baqarah 2:160
သို့သော် နောင်တဖြင့် လမ်းမှန်ဘက်သို့ ပြန်လှည့်ကြသူများ၊ (သူတို့၏မူဝါဒလမ်းစဉ်များနှင့်အတွေးအခေါ် အယူအဆများကို ဖြောင့်မှန်စေလျက်ကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်) ပြုပြင်ပြောင်းလဲလာသူများနှင့် (အရှင်မြတ်နှင့်တမန်တော်မြတ်၏ရှင်းလင်းချက်များကို) ပွင့်လင်းဖြူစင်စွာ ထုတ်ဖော်တင်ပြကြသူများသည် (ကျိန်ဆဲမှုတွင်) မပါဝင်ကြချေ။ အကြောင်းမှာ ထိုသို့ (နောင်တဖြင့် လမ်းမှန်ဘက်သို့ လှည့်သည့်အတွက်) ငါအရှင်မြတ်ကလည်း (သူတို့ဘက်သို့ အရှင့်ခွင့်လွှတ်တော်မူမှုနှင့်ကရုဏာသက်တော်မူမှုဖြင့်) လှည့်တော်မူမည်။ မုချဧကန်၊ ငါအရှင်မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်သို့လှည့်ခြင်း (ဖြင့်အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။