Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 163 — Surah Al-Baqarah 2:163

(သို့ဖြစ်ပါ၍ အရှင့်အမိန့်တော်များနှင့်အမှန်တရားများကို မယုံကြည်ဖီဆန်ငြင်းပယ်ခြင်းမှ ရှောင်ကြဉ်လျှက် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် အရှင့်ထံ ခိုလှုံကြလော့၊) ထိုအရှင်မှအပ အခြား မည်သည့်အရာမျှ (အဖြစ် လုံးဝ မရှိကြောင်းကို မြင်သာထင်ရှားစေသည့် သက်သေလက္ခဏာတော်များဖြင့် လမ်းညွှန်တော်မူသော ကြောင့် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာ) အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည်ပင် သင်တို့အား အစဉ် ကရုဏာထားတော်မူသော ကရုဏာရှင်၊ တစ်ဆူတည်းတည်ရှိတော်မူပြီး အားလုံးအပေါ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။