Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 164 — Surah Al-Baqarah 2:164
မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၊ နေ့နှင့်ညကို အလှည့်ကျစီ ပြောင်း လဲ ဖြစ်စေတော်မူခြင်း၊ လူသားတို့အား အကျိုးပြုစေတော်မူရန်အလို့ငှာ ရေပေါ်ခုတ်မောင်းသွားလာသော လှေသင်္ဘောများကို ပင်လယ်ရေမျက်နှာပြင်တစ်လျောက်၌ ပြေးလွှားစီးသွား (နိုင်အောင် ရေ၏သိပ်သည်းမှုနှင့် သဟဇတဖြစ်) စေတော်မူခြင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြားဝယ် (အရှင်မြတ်က သတ်မှတ်ထားသည့် နိယာမများ၊ စည်းမျဉ်းဘောင်များတည်ရှိစေတော်မူခြင်းဖြင့်) မိုးတိမ်များနှင့်လေများကို (အရှင်မြတ် သတ်မှတ် ထားသည့် လမ်းကြောင်းအတိုင်း) ပြောင်းလဲတိုက်ခတ်စေတော်မူခြင်းနှင့်ကောင်းကင်ယံမှ အလ္လာဟ်အရှင်မြတ်က ရွာသွန်းချစေတော်မူသော မိုးရေဖြင့် မြေသေများ (ခန့်ခြောက်သွားသည့်မြေ၊ မြေရိုင်း၊ မြေဟောင်း၊ မြေသရောင်း များ) ကို ပြန်လည်ရှင်သန်စေတော်မူပြီး ထိုမြေပြင်ပေါ်၌ သွားလာလှုပ်ရှားသည့် သက်ရှိမျိုးစုံကို ပေါက်ပွား ဖွံ့ဖြိုး၊ ပျံ့နှံ့စေတော်မူခြင်းတို့၌ စဉ်းစား၊ ဆင်ခြင်တွေးခေါ်ကြသော လူမျိုးများအတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိ၏။