Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 165 — Surah Al-Baqarah 2:165
(ထိုသို့ပင် အရှင်မြတ်က ပြဌာန်းထားတော်မူပြီး “သဘာဝနိယာမ” ဟု လူတို့က အမည်ပေးထားသည့် အရှင့်စည်းမျဉ်းတော်များအတိုင်း မိုး၊ လေ၊ ရေ၊ နေ့ညအပြောင်းအလဲများ ဖြစ်နေသည်ကို နေ့စဉ်ကြုံတွေ့နေရသော်လည်း) လူသားတို့အနက်မှ အချိူ့သည် အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို (အလ္လာဟ်အရှင်မြတ်နှင့်တစ်တန်းတည်းထားလျက်) အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးသကဲ့သို့ပင် ယင်းတို့ကို ချစ်မြတ်နိုးကြ၏။ ယုံကြည်သူတို့သည်ကား (အရာအားလုံးထက်) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် အလွန် ကြည်ဖြူခိုင်မြဲစွာ ချစ်မြတ်နိုးကြသည်။ စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူတို့သည် (နောင်တမလွန်ဘဝ၌) ပြစ်ဒဏ်များကို မျက်ဝါးထင်ထင်တွေ့မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးဩဇာအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် တည်ရှိတော်မူကြောင်း၊ အလ္လာဟ်အရှင် မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်နိုင်စွမ်းရှိတော်မူကြောင်း မြင်တွေ့ကြလိမ့်မည်။ အကယ်၍ ထိုနေ့မတိုင်မီ (ဤဘဝ၌ပင်) မြင်တွေ့ ခဲ့ကြလျှင် ကောင်းလေစွ။