Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Baqarah 2:17

သူတို့၏ပမာကား (သဲကန္တာရထဲ၌ အပေါင်းအဖော်များနှင့်အတူခရီးသွားပြီး ညအချိန် ရပ်နားသည့်အခါဝယ် အလင်း၊ အနွေးဓါတ်နှင့်လုံခြုံမှုပေးရန်အတွက် မီးမွှေးလေ့ရှိသော) ယင်းမီး‌မွှေးသူကဲ့သို့ပင် ဖြစ်၏။ သူ၏ပတ်ပတ်လည်၌ မီးရောင်တောက်ပနေစဉ် (သူ့အပေါင်းအဖော်များက သက်တောင့်သက်သာဖြင့် အနားယူနေစဉ် မီးမွှေး ခြင်း၏အကျိုးကို မခံစားနိုင်ရန် လေတိုက်၍ မီးငြိမ်းစေသကဲ့သို့) အလ္လာဟ်အရှင်မြတ်က (သူတို့၏) အလင်းကို သုတ်ယူလိုက်ပြီး သူတို့အား အမှောင်ထဲ၌ပင် ချန်ထားလိုက်သောကြောင့် သူတို့ (လမ်းမှန်ကို) မမြင်နိုင်ကြပေ။