Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 170 — Surah Al-Baqarah 2:170

ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သူတို့၏ဖခင်များ (ဖြစ်သောဘိုး၊ဘေး၊ဘီ၊ဘင်များ) က မည်သည့် တစ်စုံတစ်ရာကိုမျှ မတွေးခေါ်၊ မဆင်ခြင်နိုင်ကြသည့်အပြင် လမ်းညွှန်မှန် ရရှိသူများလည်း မဟုတ် (သည်ကို သိနေကြ) သော်ငြားလည်း (စေတန်မကောင်းဆိုးဝါး၏ခြေရာနောက်လိုက်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်ရာကို လိုက်နာကြလော့။” ဟု အပြောခံရသည့်အခါတိုင်း “(ကျွန်ုပ်တို့ မလိုက်နာ နိုင်ပါ၊) အမှန်မှာ ကျွန်ုပ်တို့၏ဖခင်များ (ဖြစ်သောဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်ကြသည့် မိရိုးဖလာလမ်းစဉ်) ၌ တွေ့ခဲ့ရသည့်အတိုင်းသာ လိုက်နာကြပါမည်။” ဟု ဖြေဆိုခဲ့ကြသည်။