Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 172 — Surah Al-Baqarah 2:172
အို၊ ယုံကြည်သူအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်ပေးထားတော်မူသော စားနပ်ရိက္ခာများမှ (ကျန်း မာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံသာမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစားအသောက်များ) ကို စားသုံးကြလော့။ ထို့ပြင် အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ခဝပ်နာခံကိုးကွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးသိတတ်ကြလော့။