Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 173 — Surah Al-Baqarah 2:173
အရှင်မြတ်က သင်တို့အတွက် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ သွေး၊ ဝက်သားနှင့်အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်နာမများဖြင့် တိုင်တည်၍ စွန့်လှူလှီးသတ်သော သားကောင်များ ဖြစ်၏။ သို့သော် မည်သူမဆို (လိုအပ်ချက်ကြောင့် သေရေးရှင်ရေးတမျှ) အကျပ်အတည်းနှင့်ကြုံတွေ့နေသူ ဖြစ်၍ (အစားအသောက်နှင့်စပ်လျဉ်း၍ အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းများအား) မနာခံလိုသော ဆန္ဒရှိသူ (သို့မဟုတ် အစားမက်သူ) နှင့်စည်းမျဉ်းတော်များကို ချိုးဖောက်သူ မဟုတ်လျှင် (အသက်ရှင်ရုံမျှ အတွက်သာ ထိုတားမြစ်ထားသောအရာကို စားခြင်း၌) ထိုသူအတွက် အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ် ( လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။