Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 177 — Surah Al-Baqarah 2:177
ကောင်းမြတ်သော အကျင့်သီလဟူသည် သူတို့၏မျက်နှာများကို အရှေ့နှင့်အနောက်အရပ်သို့ မျက်နှာမူ၊ ရှေ့ရှုဦးတည် (၍ ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်) ခြင်း မဟုတ်ဘဲ ကောင်းမြတ်သောအကျင့် သီလ (ရှိသူ အစစ်အမှန်တို့) မှာ အလ္လာဟ်အရှင်မြတ်၊ နောက်ဆုံးနေ့၊ မလာအီကာ (စေတမန်များ၊ အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော) ကျမ်းတော်များနှင့်နဗီတမန်တော်များကို (စိတ်ရင်းစေတနာဖြူစင်မြဲမြံ စွာဖြင့်) ယုံကြည်ကြ၍ သူတို့နှစ်သက် မက်မောသော ဥစ္စာဓနများမှ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူများ၊ ခရီးသည်များနှင့် (အဖိနှိပ်ခံ) ကျွန်ဘဝမှ လွတ်မြောက်လိုသူတို့အား ထောက်ပံ့ပေးကမ်းကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ခြင်းနှင့်ဇကာသ် (ခေါ်တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းစွန့်လှူရသော လူမှုဖူလုံကြေးကိုလည်း) ပေးဆောင် ကြရုံသာမက ကတိပြုတိုင်းလည်း သူတို့၏ကတိဝန်ခံချက်နှင့်အညီ ကတိတည်ကြသည့်အပြင် ရောဂါဒဏ်၊ ဆင်းရဲဒုက္ခ အခက်အခဲနှင့်စိတ်ဖိစီးမှုဒဏ်တို့ကို ရင်ဆိုင်ကြုံတွေ့ခံစားရသည့်အခါတိုင်းလည်း သည်းခံကြံ့ခိုင်မှု မြဲမြံကြသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြပြီး ထိုသူတို့သည်ပင် မွတ္တကီ (ခေါ်အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) များ ဖြစ်ကြသည်။