Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 178 — Surah Al-Baqarah 2:178

အို၊ ယုံကြည်သူအပေါင်းတို့၊ (မတရား) သတ်ဖြတ်ခြင်းအတွက် (ခွင့်တူညီမျှသော ဥပဒေပြဌာန်း၍) ဒဏ်ခတ်အရေးယူရာတွင် (ပြစ်မှုကျူးလွန်သူနှင့်ဆက်နွယ်ပတ်သက်သူများကို ကျူးလွန်သည့်ပြစ်မှုနှင့်အညီသာ မျှတစွာ အရေးယူခွင့်ရှိပြီး) လွတ်လပ်သောသူအစား လွတ်လပ်သူ၊ အစေခံအစား အစေခံနှင့်အမျိုးသမီးအစား အမျိုးသမီးကိုသာ ဒဏ်ခတ်အရေးယူရန် သင်တို့အပေါ်၌ အတည်ပြု ပြဋ္ဌာန်းတော်မူလေပြီ။ ကျူးလွန်ခံရသူနှင့် ဆက်နွယ်ပတ်သက်သူများအနက်မှ အကယ်၍ ညီအစ်ကို တစ်ဦးဦးက သင့်တော်ထိုက်ထန်သော အ (လျော်အစား တစ်စုံတစ်) ရာဖြင့် ခွင့်လွှတ်ကျေအေးရန် တောင်းဆိုခဲ့ပါလျှင် ယင်းအတွက် သူ့ကို (လိုက်လျော၍ ယဉ်ကျေးပျူငှာစွာ လက်ခံပြီးနောက် ကျေအေးကြေးကိုလည်း တောင်းဆိုသည်ထက်) အကောင်းဆုံးနှင့်အကျေနပ်ဆုံးဖြစ်အောင် မျှတစွာ ပေးဆပ်ရမည်။ ဤသည်မှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (အလျော့ပေး) လိုက်လျောစေခြင်းနှင့်သနားကြင်နာတော်မူခြင်းပင် ဖြစ်၏။ (ထိုသို့ ကျေအေးပြီးနောက်တွင်) မည်သူမဆို စည်းမျဉ်းကျူးလွန် ချိုးဖောက်ပါက ထိုသူအတွက် ပြင်းပြ နာကျင်ဖွယ်ရာ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ် ရှိလေ၏။