Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 182 — Surah Al-Baqarah 2:182
သို့သော် (အကယ်၍ အဆိုပါမှာကြားချက်ကို အသေးစိတ်စစ်ဆေးသူသည် တရားတော်နှင့်အညီ မျှတစွာ စစ်ဆေး၍ ယင်း၌ တရားမမျှတသော) လွှဲချော်မှားယွင်းမှုတစ်စုံတစ်ရာ သို့မဟုတ် (မှာကြားချက်ပါအတိုင်း ဆောင်ရွက်လျှင်) အပြစ်တစ်စုံတစ်ခုကို (ကျူးလွန်ခဲ့ဖွယ်ရာ) ရှိကြောင်း စိုးရိမ်ကြောင့်ကြရသော် ထိုသူသည် ယင်း တို့ကြားတွင် (တရားတော်နှင့်အညီ မျှတစွာ ချင့်ချိန်၍ လိုအပ်သော အပြောင်းအလဲများအတွက်) စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အပြစ်မရှိပေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။