Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 184 — Surah Al-Baqarah 2:184
ပုံသေတွက်ချက်ရေတွက်နိုင်သည့် နေ့ရက်များဖြစ်သော်လည်း သင်တို့အနက်မှ (ကျန်းမာရေး ချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ ရှိနေသူဖြစ်စေ (ပျက်ကွက်ခဲ့သည့်နေ့ရက်များကို တွက်ချက်၍) သတ်မှတ်ပြဋ္ဌာန်းသော ရက်များနှင့်အညီ အခြား (အဆင်ပြေသည့်) နေ့ရက်များတွင် ဖြည့်စွက် (ဆောက်တည်) ရန်၊ (ထိုသို့ဖြည့်စွက် ရန်လည်း မစွမ်းဆောင်နိုင်သော) သူတို့အတွက် (သူတို့ တတ်နိုင်သည့်) ဖြည့်စွက် ပေးဆပ်မှုအဖြစ် ခိုကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူတစ်ဦးကို ကျွေးမွေးရန်ဖြစ်ပြီး မည်သူမဆို သူ၏စိတ်ဆန္ဒအရ (စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ကောင်းမြတ်သော) ကောင်းမှုတစ်ခုကို လုပ်ခဲ့သော် ယင်းသည် သူ့အတွက် ကောင်းပြီး အကယ်၍ သင်တို့သည် သိနားလည်သူများဖြစ်ကြလျှင် ဆွီယာမ်ဥပုသ် ဆောက်တည်ခြင်းမှာ သင်တို့အတွက် အကောင်းဆုံးဖြစ်၏။